ကောင်းမွန်ပြီးပြည်စုံသောစကား
နှစ်စဉ်ကျင်းပသည့် အမေရိကန်နိုင်ငံ၏ အမ်မီ တေးဂီတဆုပေးပွဲတွင် ‘အမ်မီဆု’ဆွတ်ခူး ခဲ့သည့် မင်းသမီးသည် အားယူရဲစိတ်တင်ပြီး အခမ်းအနား တစ်ဝက်တစ်ပျက်၌ ထွက်သွား သည်။ အဘယ်ကြောင့်နည်း? အခမ်းအနားတွင် တင်ဆက်သူများ၊ ကပြအသုံးတော်ခံသူများ၊ပွဲစီစဉ် သူများ၏ “ညစ်ညူးရိုင်းပြသောပြက်လုံး၊ ဝေဖန် ချက်၊ ထိုးနှက်မှုများ”ကြောင့် အလွန်စိတ်ပျက်၊ စိတ်မကောင်းဖြစ်ရပြီး သည်းမခံနိုင်ခြင်းကြောင့်ဟု ဆိုသည်။ ထိုညနေသည် လူတိုင်း၏ဂုဏ် အသရေ၊ မိမိကိုယ်ကို လေးစားမှုများ အစိတ်စိတ်အမွှာမွှာ ပျက်စီးလျက် အစော်ကားခံရသည့် ညနေခင်းဟု သူမက ဆိုသည်။
ရှင်ပေါလု၏ခေတ်၌လည်း မဆီလျော် ယုတ်ညံ့သော စကားအပြောအဆိုများနှင့်စပ်လျဉ်း၍ ပြဿနာရှိခဲ့သည်။ ဧဖက်မြို့ရှိ ခရစ်ယာန်များအား “မတော်မလျော်သော၊ ညစ်ညူးပြက်ပြယ်ပြက်ယယ်သောစကားများကိုဖယ်ရှားရန်(ဧ၊၅း၎)၊ ကောလောသဲမြို့သားတို့အား သူ့အသရေ ပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားသုံးခြင်းတို့ကို ၎င်းတို့၏ နှုတ်မှဖယ်ရှားရန် (ကော၊ ၃း၈) ရှင်ပေါလုမှ သတိပေးခဲ့သည်။ ၎င်းတို့သည် လူဟောင်း၊ အသက်တာဟောင်း၏သရုပ်သကန်ဖြစ်ပြီး (၁ ကော…
သင့်ဘုရားကို ရွေးချယ်ပါ
မကြာသေးမီက ဂရိဒဏ္ဍာရီကိုအခြေခံထား သည့် အွန်လိုင်းဂိမ်း ကြော်ငြာတစ်ခုကိုတွေ့ခဲ့ရ သည်။ စစ်တပ်များ၊ ဒဏ္ဍာရီထဲမှနတ်ဘုရားများ၊ သူ ရဲကောင်းများ၊ ရှာဖွေရမည့်အရာများစသည်ဖြင့် ဖော်ပြပါရှိသည်။ ဂိမ်းအစပြုရန် လမ်းညွှန်ချက်တွင် ‘အွန်လိုင်းသို့ အရင်ဝင်ပြီး စာရင်းသွင်းပါ။ထို့နောက် သင့်ဘုရားကို ရွေးပြီး သင့်အင်ပါယာ ထူထောင်ပါဟု ဖော်ပြထား၍ ကျွန်တော် စိတ်ဝင်စားသွားသည်။
ကိုယ့်ဘုရားကို ရွေးချယ်ရမည်ဆိုပါလား။ ၄င်းသည် သာမန်ဖော်ပြချက်ဖြစ်ငြားလည်း ကျွန်ုပ် တို့ နေထိုင်သည့် လောကကမ္ဘာ၌ အန္တရာယ် အကြီးဆုံးဖြစ်သည့်အချက်ကို ပုံဆောင်နေခြင်း ကြောင့် ကျွန်တော်အာရုံစိုက်မိခြင်းပါ။ ဂိမ်းကစား ရာ၌ ဘယ်ဘုရားကိုပဲရွေးရွေး ကိစ္စမရှိသော်လည်း၊ လက်တွေ့လောက၌ မိမိ၏ ရွေးချယ်မှုက ထာဝရအကျိုးဆက်သက်ရောက်လိမ့်မည်။
အခြားတစ်ပါးသော ဘုရားများဝန်းရံနေသည့် ခေတ်ယဉ်ကျေးမှုတွင် ဣသရေလ မျိုးဆက်တို့အား ယောရှုက သူတို့ကိုးကွယ်မည့်ဘုရားကို ရွေးချယ်ရန် ကြွေးကြော်ခဲ့သည်။ သို့သော် ပေါ့ပေါ့တန်တန် လုပ်ဆောင်ရန်မဟုတ်ပါ။ “မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ ၀တ်ပြု…
ဖွင့်ထားသောလက်များ
အမေရိကန် သမ္မတကတော် ‘ဘက်တီဖို့ဒ်’ ၏ဈာပန၀တ်တွင် သားဖြစ်သူ ‘စတိဗ်’က အောက်ပါ အတိုင်း ပြောကြားခဲ့သည်။ “အမေ့မှာ မေတ္တာတွေ၊ နှစ်သိမ့်မှုတွေရှိတယ်။ သူကပဲ စတင်ပြီး ပွေ့ဖက်သူ လည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်လုံးလုံး အရက်သမားဘ၀နဲ့ ကျွန်တော်ကျင်လည်ခဲ့စဉ်က အမေဟာ ကျွန်တော့်ကို အကောင်းဆုံးလက်ဆောင် တစ်ခုပေးခဲ့တယ်။ အဲဒီလက်ဆောင်ကြီးကတော့ ဘုရားထံမှာ ဘယ်လိုအညံ့ခံ အပြစ်ဝန်ချရမလဲ၊ အသက်တာမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ဘယ်လိုလက်ခံရမလဲ၊ ဘယ်လိုရယူရမလဲဆိုတဲ့ လက်ဆောင်ပါပဲ။ တကယ်ပါ။ ပွေ့ပိုက်ထားတဲ့ အမေ့ရဲ့လက်ထဲမှာ ကျွန်တော်ဟာ အိမ်ပြန်လာတဲ့ ပျောက်သောသားလို ခံစားရပြီး၊ အမေကနေတဆင့် ဘုရားသခင် ရဲ့မေတ္တာ တော်ကို ခံစားလိုက်ရတယ်။ ဒါဟာကောင်းမြတ်တဲ့လက်ဆောင်ပါပဲ။”
မိမိ၏အမွေကိုတောင်းပြီး သုံးဖြုန်းပစ်လိုက်သည့်လူငယ်လေးသည် ဥစ္စာ ပြုန်းတီးကုန်မှ နှိမ့်ချလျက်နောင်တဖြင့် အိမ်ပြန်လာရာ၊ သူ့ဖခင်၏ကြိုဆိုတုံ့ပြန်ပုံက အံ့ဩ စရာပါ။ “ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင် သနားသောစိတ်ရှိသည်နှင့်ပြေးသွား ၍…
သတိရမှတ်မိနေရမည့်သီချင်း
ရွှေကျမ်းချက်များကို သံစဉ်ထည့်ပြီး သီဆို ထားသော စီဒီတစ်ချပ်ကို လက်ဆောင်အဖြစ်ရရှိ၍ ကျွန်မပျော်သွားသည်။ စီဒီကို အကြိမ်တော်တော် များများနားထောင်ပြီးနောက် သံစဉ်အချို့ကို ကျွန်မ စိတ်ထဲစွဲသွားသည်။ နောက်များမကြာမီ ဆာလံ ကျမ်းရှိ ကျမ်းပိုဒ်၂ ပိုဒ် ၃ ပိုဒ်ကို စီဒီဖွင့်ရန် မလို တော့ဘဲ လိုက်၍သီဆိုနိုင်ခဲ့သည်။
ကျွန်မတို့ မေ့သွားတတ်သည့်စာသားများ၊ အတွေးအကြံများကို မှတ်မိအောင် တေးဂီတက ကူညီပေးသည်။ ကတိတော်ပြည်သို့ ဣသရေလ လူတို့ဝင်ရောက်သွားသည့်အခါ သူ့အား မေ့သွား မည်ကို ဘုရားသခင်က သိနှင့်နေသည် (တရား ၃၁း ၂၀)။ ဣသရေလလူတို့ သူ့ကိုစွန့်ပြီး ရုပ်တု ကိုးကွယ်လျှင် အခက်ပြဿနာတို့ လိုက်ပါလာ မည်(း၁၆၊ ၁၈)။ ဤအကြောင်းကြောင့် ဘုရားသခင်က မောရှေကို သီချင်းတစ်ပုဒ်ရေးစပ် ခိုင်းပြီး လွန်လေသောကာလ၌ ဣသရေလလူတို့ ဘုရားသခင်နှင့်နီးကပ်စွာရှိနေခြင်း၊ အပြစ်က ဘုရားနှင့်ဣသရေလတို့၏…
ဘုန်းထင်ရှားရန်အသင့်
တရားဟောဆရာ၊ နှုတ်ထွက်ကျမ်းစာ အနက်ဖွင့်ကျမ်း ရေးသားသူ `ဒီ မာတင် လွိုက်ဂျုန်းစ်’ သည် (၁၉၈၁)ခု၊ မတ်လ(၁)ရက်နေ့တွင် ဝေဒနာ ခံစားရကာ သေလုမျောပါးရှိနေသည်။ သူသည် လန်ဒန်မြို့တော် `၀က်စ်မင်းစတာ’ဘုရားကျောင်း၌ သင်းအုပ်ဆရာအဖြစ် (၁၉၃၉)မှ (၁၉၆၈) ခုနှစ် အထိ အမှုတော်ဆောင်ခဲ့သည်။ ယခုတွင် ဘ၀၏ နောက်ဆုံးနေ၀င်ချိန်၌ ဆရာကြီးမှာ စကားမပြောနိုင် တော့ပါ။ သူပြန်နေကောင်းလာရန် ထပ်မံပြီး ဆုတောင်းပေးရန် မလိုကြောင်း အရိပ်အမြွက်ပြပြီး စာရွက်ပိုင်းလေးပေါ်တွင် `ဘုန်းထင်ရှားမယ့် အမှု အတွက် ကျွန်တော့်ကိုမတားပါနဲ့’ ဟုရေးသားခဲ့သည်။
လူ့ဘ၀မှာ အဖိုးတန်၊ တန်ဖိုးရှိလှ၍ ကျွန်ုပ်တို့ချစ်ရသူများ ဤလောကကို ခွဲခွာပြီး ကောင်းကင်ဘုံသို့ ပြန်ချိန်တန်သောအခါ သူတို့ကို လက်လွှတ်လိုက်ရန် အခက်တွေ့ရတတ် သည်။ သို့သော် ကျွန်ုပ်တို့ကို အိမ်တော်သို့ပြန်ခေါ်မည့်အချိန်ကို ဘုရားသခင်က သတ်မှတ် ထားပြီးသားဖြစ်သည်။ “ထာဝရဘုရားသခင်ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာ…
သင့်ကို လိုအပ်သည်
တီးဝိုင်းခေါင်းဆောင်က သံစုံတီးဝိုင်းကို အစမ်းလေ့ကျင့် ပြင်ဆင်ပေးသည့်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ အော်ဂင်သံ၊ ဗုံသံ၊ လေမှုတ်တူရိယာသံ၊ တယောသံများမှာ မြိုင်ဆိုင် မြူးကြွ လှသည်။ သို့သော် သစ်သားပုလွေသံ ပျောက်နေကြောင်း တီးဝိုင်းခေါင်းဆောင်က သတိပြု မိလိုက်သည်။ ပုလွေမှုတ်သူက အာရုံများပြီး မိမိ ပုလွေသံ ပျောက်လို့ပျောက်မှန်းမသိ ဖြစ်နေ၏။ တီးဝိုင်းခေါင်းဆောင်က “မင်းတို့အယောက်တိုင်းကို လိုအပ်တယ်” ဟု သူ့ကို သတိပေးလိုက်ရသည်။
ကောရိန်သု ရှိ ယုံကြည်သူများထံရေးသော ပထမစာစောင်၌ ရှင်ပေါလု ပေးလိုသောသတင်း စကားနှင့် ဤဖြစ်ရပ်မှာ အခြေခံသဘောခြင်းအတူတူပင် (၁ကော ၁၂း၎ - ၇)။ ခရစ်တော်၏ ခန္ဓာကိုယ်၌ ယုံကြည်သူတိုင်းသည် အရေးကြီးသောအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ၀ိညာဉ် ဆုကျေးဇူး တစ်ခုစီကို ရှင်ပေါလုရေးသားဖော်ပြပြီး ၎င်းတို့၏အသုံးဝင်ပုံကို လူ့ခန္ဓာရှိ အင်္ဂါ အစိတ်အပိုင်းအသီးသီး၏ လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပြထားသည် (း၈-၁၀)။ ကောရိန်သုရှိ…
ဒုက္ခပြဿနာ
နှစ်တစ်နှစ် ကုန်ဆုံးတော့မည်။ နောက်ဆုံး နေ့ရက်တို့ နီးကပ်လာ၍ ကျွန်မ၀မ်းမြောက်မိသည်။ နှစ်ဟောင်း၌ ကြေကွဲမှုများ၊ နာမကျန်းဖြစ်မှု၊ ၀မ်းနည်းဖွယ်ရာများနှင့် ပြည့်နေခြင်းကြောင့် ဇန်န၀ါရီလကို ကြိုဆိုရန် အသင့်ပါ။
သို့သော် နှစ်သစ်၏ ပထမဆုံးလ ရောက်ရှိ လာသည်နှင့်အမျှ ၀မ်းနည်းဖွယ် သတင်းများကို တစ်ခုပြီး တစ်ခုကြားရပြန်သည်။ မိတ်ဆွေအတော် များများ၏ မိဘများ ကွယ်လွန်သွားသည်။ ကျွန်မ၏ ဦးလေးမှာ အိပ်ပျော်ရင်းပင် ကွယ်လွန်သွားသည်။ မိတ်ဆွေများ၌ ကင်ဆာရောဂါစွဲကပ်နေကြောင်း စစ်ဆေးသိရှိကြရသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ညီနှင့် မိတ်ဆွေတစ်ဦး၏သားမှာမူ ကြေကွဲဖွယ် ရုတ်တရက်သေဆုံးခဲ့ပြန်သည်။ ကြေကွဲဝမ်းနည်းဖွယ်သတင်းတို့ ရပ်တန့်ပြီးဆုံးသွားမည့် အစား ကြေကွဲမှုလှိုင်းလုံးကြီးကို နှစ်သစ်က ဆောင်ယူလာပုံရသည်။
“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်”ဟု(ယော ၁၆း ၃၃)၌ ဖော်ပြထားသည်။ ဘုရားသားသမီးများကိုပင် ဘ၀ချောမွေ့အဆင်ပြေမည်။ ဥစ္စာပစ္စည်း ကြွယ်ဝလုံလောက်မည်။ ကျန်းမာရေးကောင်းမည် စသည်ဖြင့် အာမမခံပါ။…
ဇောက်ထိုးမိုးမျှော်
သခင်ယေရှုနှင့် ပတ်သက်၍ ကျွန်ုပ် စိတ်ဝင်တစား သိလိုသည့် အရာများစွာရှိသည်။ ကိုယ်တော်၏ အမှုတော်များမှ အသက်တာ အကြောင်း ဇောက်ထိုးမိုးမျှော် သြ၀ါဒများသည် လူကို တအံ့တဩ ဖြစ်စေပြီး၊ ခေါင်းခဲ စိတ်ရှုပ် စေသည်။
ဘ၀ခရီးကို လျှောက်လှမ်းစဉ် ဘ၀အကြောင်း ကောင်းစွာ နားလည်ပြီဟု တွေးမိသည့်အချိန် ရှိတတ်ပြီး၊ ဘ၀ကို ထိန်းကျောင်းသွားမည့် မိမိ၏ စိတ်ကူးပုံစံများ၊ တုံ့ပြန်လုပ်ဆောင်မည့် အစီအစဉ် များက အခိုင်အမာရှိထားသည်။ သို့သော် မိမိ၏ ပုံမှန် အစီအစဉ်၌ သခင်ယေရှုကကြားဖြတ်ဝင်ရောက်ပြီး ပိုကောင်းသော နည်းသစ်ဖြင့်အသက်ရှင်ရန် တောင်းဆိုသည်။ သို့သော်သတိပြုပါ။ သခင်ယေရှု၏ နည်းလမ်းနှင့် ကြုံဆုံရခြင်းက စိန်ခေါ်မှုကြီးပင် ဖြစ်သည်။
ဆန့်ကျင်ဖက် သဘောရှိသည့် အောက်ပါအဆိုများကို စဉ်းစားကြည့်ပါ။ အသက်ရှင်နိုင်ရေး အသေခံရမည်(မာ၊၈း၃၅)။ အကျိုးရရှိရေး ပေးကမ်းရမည် (မ၊၁၉း၂၁)။ စိတ်မသာညည်းတွားသူက မင်္ဂလာရှိ၏ (၅း၎)။ အုပ်စိုးနိုင်ရေး…
တန်ခိုးအစွမ်းထက်သည်
ကျွန်မညီမ၌ ကင်ဆာရောဂါစွဲကပ်နေ ကြောင်းသိရသောအခါ မိတ်ဆွေများကိုဆုတောင်း ပေးရန် ပြောခဲ့သည်။ ခွဲစိတ်သောအခါ ကင်ဆာကို အမြစ်ပြတ်ဖယ်ရှားပစ်နိုင်ပြီး၊ ဆေးသွင်းဓာတ်ကင် ရန်မလိုတော့အောင် ဆုတောင်းကြသည်။ ဘုရား သခင်က တောင်းသည့်အတိုင်း အဖြေပေးခဲ့သည်။ ထို သတင်းကို ပြန်ပြောပြသောအခါ မိတ်ဆွေတစ်ဦး က “ဆုတောင်းခြင်းတန်ခိုး အစွမ်းထက်လို့ ၀မ်းသာ မိတယ်”ဟု မှတ်ချက်ချသည်။ ကျွန်မကမူ ‘ဒီတစ်ခါ ဘုရားသခင်က တောင်းတဲ့အတိုင်း အဖြေပေးလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်’ဟု တုံ့ပြန်ခဲ့သည်။
“သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏” ဟု ရှင်ယာကုပ်ရေးသားခဲ့သည်(၅း၁၆)။ သို့သော် “အရှိန်ကြီးသော” “တန်ခိုးပါသော” စသည်ဖြင့် ဖော်ပြချက်က မိမိတို့ကြိုးစားအားထုတ် ဆုတောင်းခြင်းကြောင့် (သို့) လူအများဝိုင်း၍ ဆုတောင်းခြင်းကြောင့် ဘုရားသခင်က တောင်း သည့်အတိုင်း အဖြေပေးသည့် သဘောလား။ ဘုရားသခင်က “လုပ်မပေးဘူး” “စောင့်ဦး” စသည်ဖြင့်ပေးသော အဖြေများစွာ ကျွန်မရခဲ့ဖူးသည်။…
ဘုရားသခင် ကျွန်ုပ်ကိုပိုချစ်သည်
စီးပွားရေးကြပ်တည်းကပ်ဆိုက်ခဲ့စဉ်က ခရစ်ယာန်ညီအစ်ကိုချင်း၏ အလုပ်လက်မဲ့ပြဿနာ ကိုဖြေရှင်းပေးရန် ထောက်မပေးမည့်အဖွဲ့ကို ကျွန်ုပ် ဖွဲ့စည်းခဲ့ပြီး ကိုယ်ရေးရာဇ၀င် အချက်အလက်များ ကို ပြန်သုံးသပ်ပေးသည်။ လုပ်ငန်းအချင်းချင်း ချိတ် ဆက်ပေးသည်။ ဆုတောင်းပေးသည်။ ပြဿနာက လူတစ်ဦးဦးသည် အလုပ်ရသွားလျှင် ကျန်လူများ ကို အားပေးစကားပြောရန် အဖွဲ့သို့ လှည့်ပြန်မလာ သည်က များသည်။ ထိုကြောင့် အဖွဲ့၌ ကျန်ခဲ့သည့် လူများ၏အထီးကျန်မှု၊ စွန့်ခွာခံရသည့် ခံစားရမှုများ တိုးပွားလာသည်။
သို့သော် အလုပ်မပြုတ်ဖူးသူများ၏ ဝေဖန် သုံးသပ်ချက်များက ပို၍ခံရခက်သည်။ ၎င်းတို့သည် ယောဘ ဝေဒနာဆင်းရဲခံရစဉ်သူ့ကို ပြစ်တင်စွပ်စွဲသော ယောဘ၏မိတ်ဆွေများကို ထင်ဟပ်ပြနေသည်။ “သင်သည် မဆိုင်းမလင့် သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍ အနန္တတန်ခိုးရှင်အား တောင်းပန်လျှင်....ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစား စေတော်မူမည်” (၈း၅-၆) ဟု ဆိုခဲ့သည်။ အခန်းကြီး (၁၂) မှ ယောဘ၏ စကားများကို…